တောင်ကြီး ဇန်နဝါရီလ၁၁ရက်
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးမှ ရပ်စောက်မြို့နယ်အတွင်း ဇန်နဝါရီလ၁၁ရက် နံနက်(၆)အချိန်မှစ၍ ရပ်ကွက်/ကျေးရွာအုပ်စုများရှိ မဲရုံ(၈၇)ရုံတွင် မဲဆန္ဒရှင်ပြည်သူများမှ ဆန္ဒမဲပေးနေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးရာတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်သည် ရပ်စောက်မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ နှင့်အတူ လိုက်ပါ၍ လိုအပ်သည်များ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့
