ဆီဆိုင် ဇန်နဝါရီ-၁၁
၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပသည့် ဆီဆိုင်မြို့နယ် တွင် ဇန်နဝါရီလ၁၁ရက် နံနက် ၆ နာရီအချိန်မှ စတင်၍ မဲရုံအသီးသီတွင် မဲဆန္ဒရှင်ပြည်သူများ အေးချမ်း လွတ်လပ်စွာ ဆန္ဒမဲများပေးလျက်ရှိသည်။
ဆီဆိုင်မြို့နယ်တွင် မဲရုံပေါင်း ၉၅ ရုံဖွင့်လှစ်၍ မဲဆန္ဒရှင်ပြည်သူများ အေးချမ်းလွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရန် ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့များနှင့် ရပ်ကွက်/ကျေးရွာများမှ တာဝန်ရှိသူတို့ က ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ရေသန့်၊ အချိုရည်၊ ပေါင်မုန့်တို့ကိုလည်း ဝေငှပေးလျက်ရှိ ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့
