ကလော ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ကလောခရိုင်၊ကလောမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအပိုင်း (၂)တွင် မဲရုံအသီးသီး၌ ဇန်နဝါရီလ ၁၁ ရက် နံနက်(၆)နာရီက စတင်ကျင်းပခဲ့သည်။
ထိုသို့ကျင်းပလျက်ရှိရာတွင် ယနေ့နံနက်(၆) နာရီတိတိတွင် မဲရုံမှူးက မဲရုံဖွင့်လှစ်ပေးခဲ့ရာ ကလောမြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စု မဲရုံအသီးသီး၌ ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင် ပြည်သူများမှ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အတူ မဲစာရင်းလက်မှတ်ပြသပြီး လျှို့ဝှက်ဆန္ဒပြုခန်းများ၌ မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM စက်များဖြင့် လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်များကို လွတ်လပ်စွာဆန္ဒပြုရွေးချယ် မဲပေးလျက်ရှိသည်။
ကလောမြို့နယ်တွင် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂)တွင် ရပ်ကွက် ၂၈ ခု ကျေးရွာအုပ်စု ၂၆ အုပ် စု စုစုပေါင်း ၅၄ အုပ်စု တို့တွင် မဲရုံ စုစုပေါင်း ၁၄၃ ရုံ ရှိပြီး စုစုပေါင်းမဲဆန္ဒရှင်ပြည်သူ ၂၃၈၇၆၆ ဦးရှိကြောင်းမြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့
