ဆီဆိုင် ဇန်နဝါရီ-၁၀
၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပမည့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဇန်နဝါရီ၁၀ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနှင့် တာဝန်ရှိသူတို့သည် ဆီဆိုင်မြို့နယ်အတွင်းရှိ မဲရုံများပြင်ဆင်ထားရှိမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနှင့် အဖွဲ့သည် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆီဆိုင်မြို့နယ် အတွင်း နောင်မွန်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှိ မဲရုံအမှတ်(၁)၊ အမှတ်(၄)၊ ဘန်းယဉ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှိ မဲရုံအမှတ်(၆)၊ မြကန်သာရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း (ဆီဆိုင်)ရှိ မဲရုံအမှတ်(၁)၊ မင်္ဂလာရပ်ကွက် အခြေခံပညာ မူလတန်းကျောင်း(၄)ရှိ မဲရုံအမှတ်(၁)၊ အောင်သပြေရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းရှိ မဲရုံအမှတ်(၁)၊ သီရိရပ်ကွက်အတွက် မဲရုံအမှတ်(၁)နှင့် အောင်ချမ်းသာရပ်ကွက် အခြေခံပညာ အလယ်တန်းကျောင်းခွဲရှိ မဲရုံအမှတ်(၁)၊ အမှတ်(၂)ကို လည်းကောင်း သွားရောက်၍ မဲရုံများပြင်ဆင်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးက မဲဆန္ဒရှင်ပြည်သူများ မဲပေးရာတွင် အဆင်ပြေစေရေး မဲရုံများစနစ်တကျရှိစေရေး အလေးထားဆောင်ရွက်ရန်၊ ပြည်သူများ အေးချမ်းလွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေး စီမံဆောင်ရွက်ပေးရန်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများ အားလုံးက ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့