ကလော ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်းခရိုင်၊က‌လောခရိုင်၊က‌လောမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း (၂)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင်ကျင်းပမည့်သည့်အတွက် ဇန်နဝါရီလ၁၀ရက် နံနက်ပိုင်းက ရပ်ကွက်၊ ကျေးရွာများတွင် မဲရုံများပြင်ဆင်ဆောင်ရွက်ထားရှိမှုကို တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ မဲရုံများပြင်ဆင်ထားမှုကို ကလောခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်နှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းနှင့်တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၊ မဲရုံတာဝန်ကျ ဌာနဆိုင်ရာများအား မဲဆန္ဒရှင်ပြည်သူများ မဲလာ‌ပေးရာတွင်အဆင်‌ပြေစေရေး၊မဲ‌ပေးစက်စနစ်တကျ ခင်းကျင်းထားရှိရေးနှင့်မဲရုံများကြိုတင်ပြင်ဆင်ထားရှိမှုအ‌ခြေအနေများကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့