လွိုင်လင် ဇန်နဝါရီ-၉
လွိုင်လင်မြို့၊ အမှတ်(၁)ရပ်ကွက်သို့ ဇန်နဝါရီ ၉ ရက် နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲအောင်အောင်၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်ကျော်နိုင်၊ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးယာထွဏ်းမိုးတို့နှင့်အတူ မြေတိုင်းမှတ်တိုင် စိုက်ထူခြင်းကိစ္စ ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့