တန့်ယန်း ဇန်နဝါရီ ၈
အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးမှ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် ဆောင်ရွက်မည့် တန့်ယန်းမြို့နယ်ရှိ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ ၇ ရက်နေ့ မွန်းလွဲ ညနေပိုင်းက ကျင်းပခဲ့သည်။
လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အေးမင်းဦးမှ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်းက လုပ်ငန်းဆောင်ရွက်ထားရှိမှုအား ရှင်းလင်းတင်ပြကာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက ခြုံငုံသုံးသပ် ဆွေးနွေးတင်ပြသည်။
ယင်းနောက် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(လားရှိုး)နှင့် ပြည်နယ်ရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူတို့က လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များအား ဖြည့်စွက်ရှင်းလင်းတင်ပြကြပြီး တိုင်မှူးမှ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးမှာကြားသည်။
အခမ်းအနားအပြီးတွင် အမှတ်(၂) ရပ်ကွက်ရှိ “ရှမ်း” စာပေနှင့်ယဉ်ကျေးမှုအသင်း အဆောက်အဦ၊ “ဝ” စာပေနှင့်ယဉ်ကျေးမှုအသင်း အဆောက်အဦ၊ အမှတ်(၁) ရပ်ကွက်ရှိ လှဧကရီခန်းမတို့ရှိ မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး၍ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်၍ တရားမျှတစွာ မဲပေးနိုင်ရေးအတွက် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့