တောင်ကြီး ဇန်နဝါရီ ၈
၂၀၂၅ – ၂၀၂၆ ပညာသင်နှစ် မြစိမ်းရောင် (အသားကဏ္ဍ) School milk program အစီအမံအရ တောင်ကြီးမြို့နယ်ရှိ အခြေခံပညာ (၃၅) ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၀၃၈၃) ဦးအား Pasteurized milk နို့တိုက်ကျွေးမှု ပိတ်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၈ ရက် နံနက်၉နာရီတွင် တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဒေါ်ခင်သိန်းခန်းမတွင် ဌာနဆိုင်ရာအကြီးအမှူးများမှ School milk Program pamphlet ဖြန့်ဝေခြင်း၊ ခေတ္တပြည်နယ်ဦးစီးမှူး ဒေါက်တာကောင်းမြတ်ဟိန်းမှ အဖွင့်အမှာစကားပြောကြား ခြင်း၊ မြို့နယ်ကြီးကြပ်မူအဖွဲ့ဝင် ဦးအောင်မင်းထွန်းမှ School Milk Program အစီအမံအား ရှင်းလင်းတင်ပြခြင်း၊ တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး(မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ၊ ဥက္ကဋ္ဌ) ဦးရန်နိုင်ထွန်းမှ အထက(၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်စပါယ်စိုးထံ pasteurized milk (၁၂၀၀) ဗူး လွဲပြောင်းပေးအပ်ခြင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စပါယ်စိုးမှ (၃၅) ကျောင်းကိုယ်စား ကျေးဇူးတင်စကားပြောကြားခြင်းနှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာ အကြီးအမှူးများမှ နို့ဗူးများအား တက်ရောက်လာသည့် မူလတန်းအဆင့် ကျောင်းသူ/သားများအား တိုက်ကျွေးခြင်းတို့ကိုဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့