မိုင်းရယ် ဇန်နဝါရီ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့တွင် ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အပိုင်း(၂)အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ၆ရက် နံနက်ပိုင်းတွင် မိုင်းရယ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ ညှိနှိုင်းအစည်းအဝေးသို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အေးမင်းဦး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်) ဉက္ကဌ ဦးမြင့်သန်းဝင်း၊ ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူးရုံး(လားရှိုး)မှ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ခင်မောင်ညွန့်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ (လားရှိုး)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနှစ်စန်းဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးမှ အဖွင့်အမှာစကားပြောကြားပြီးတက်ရောက်လာကြသူများမှ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မိုင်းရယ်မြို့နယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဉက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်က ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး စီမံဆောင်ရွက် ထားရှိမှုအခြေအနေများ တင်ပြသည်။ ဆက်လက်၍ တက်ရောက်လာကြသူများမှ မိမိတို့သက်ဆိုင်ရာ ကဏ္ဍများအလိုက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပတ်သက်၍ တင်ပြဆွေးနွေး ကြသည်။
ထိုသို့ဆွေးနွေးမှုများအပေါ် တိုင်းမှူးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့သည်။ ဆက်လက်၍ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အေးမင်းဦး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် မိုင်းရယ်မြို့၊ နမ့်ရယ်ခန်းမတွင် မဲပေးစက်များ ထိန်းသိမ်းထားရှိမှုအခြေအနေများအား သွားရောက်ကြည့်ရှုခြင်း၊ မိုင်းရယ်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အမက(၂)မဲရုံ၊ အမှတ်(၃)ရပ်ကွက်ရှိ အလက(မိုင်းရယ်)မဲရုံ၊ အမှတ်(၂) ရပ်ကွက်ရှိ မူလွန်(၁)မဲရုံ၊ မူလွန်(နောင်မို)ကျောင်းရှိမဲရုံနှင့် အမက(နောင်လုံ)ရှိမဲရုံတို့အား သွားရောက် ကြည့်ရှု၍ မဲပေးစက်များပြင်ဆင်ထားရှိမှုနှင့် လုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့
