လားရှိုး ဇန်နဝါရီ ၅
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ဇန်နဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းက ပင်မ ဝ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ကာကွယ်ဆေးများထိုးနှံပေးရာတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံမည့် အသက် (၅၀)နှစ်နှင့် အထက်ပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်း၊ စာရင်းအချက်အလက်ကောက်ယူခြင်းများဆောင်ရွက်ကာ ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးများထိုးနှံပေးနေမှု အခြေအနေများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးမျိုးမင်းထွန်းက ကြည့်ရှုအားပေးကာ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့
