လားရှိုး ဇန်နဝါရီ-၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ဇန်နဝါရီလ (၄)ရက်နေ့ ယနေ့တွင်ကျရောက်သည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အလံတင်အခမ်းအနားကို ယနေ့နံနက် ၄ နာရီ ၂၀ မိနစ်က လွတ်လပ်ရေးအထိမ်းအမှတ် ကျောက်တိုင်တည်ရှိရာ လွတ်လပ်ရေးပန်းခြံ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရှေ့ဦးစွာ လားရှိုးမြို့နယ်ရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ခွဲမှ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်အလံအား လွှင့်တင်ကာ နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား စုပေါင်းအလေးပြုခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးဇော်နိုင်ဦးနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့
