လင်းခေး ဇန်နဝါရီလ ၄ ရက်
(၇၈)နှစ်မြောက်”လွတ်လပ်ရေးနေ့” နိုင်ငံတော်အလံတင်အခမ်းအနားကျင်းပခဲ့ရာ အခမ်းအနားကို ဇန်နဝါရီလ ၄ ရက် နံနက်၄နာရီ ၂၀မိနစ်တွင် လင်းခေးမြို့၊ “နွယ်ဝတီ”ခန်းမဝန်းအတွင်းရှိ ကွင်းပြင်၌ တပ်နယ်(လင်းခေး)၊တပ်နယ်မှူး ဗိုလ်မှူးကြီးကျော်ထွန်းလတ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌဦးအောင်ကိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲနှင်ဝန်ထမ်းများ စုစုပေါင်း အင်အား (၁၃၅)ဦးခန့် တက်ရောက်ခဲ့ပါသည်။
ဆက်လက်၍ ၇နာရီတွင် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးအောင်ကိုဦးက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေ စည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့လာသည့်သဝဏ်လွှာအား ဖတ်ကြားခဲ့ပါသည်။ ထို့နောက် “လွတ်လပ်ရေးနေ့” အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ၊ အားကစားပြိုင်ပွဲတို့တွင် ဆုရရှိသူများ၊ ဖျော်ဖြေအဖွဲတို့အား တာဝန်ရှိသူတို့မှ ဂုဏ်ပြု ဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေတို့အား ချီးမြှင့်ပေးပြီးနောက် ၀၉၁၅ချိန် စည်းကား သိုက်မြိုက်စွာကျင်းပခဲ့ပြီး အဆိုပါ အခမ်းအနားသို့ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဆုရအားကစားသမားများ စုစုပေါင်းအင်အား (၃၆၀)ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သိရှိရသည်။
ထို့နောက် မောက်မယ်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်း၌ ကျင်းပပြုလုပ်သော (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်ခြင်းအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ စုစုပေါင်း(၃၅)ဦးခန့်နှင့် အတူတက်ရောက်ခဲ့ပါသည်။
၎င်းနောက် မိုင်းပန်မြို့၊ အနောက်ရပ်ကွက်ရှိ စဝ်ကောလီပန်းခြံအတွင်း၌ ကျင်းပပြုလုပ်သော (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာ ဖတ်ပွဲအခမ်းအနား၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာ သရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့လာသော (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ သဝဏ်လွှာအား ဖတ်ကြား ခြင်း၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာ(ထက်/လယ်)အဆင့် စာစီစာ ကုံး၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းတို့အား အစီအစဉ်တိုင်း ကျင်းပပြုလုပ် ခဲ့ရာ အခမ်းအနားသို့ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့များ၊ စစ်မှူးထမ်းဟောင်းအဖွဲ့ဝင်များ၊ ဆုရ ကျောင်းသား/သူများ စုစုပေါင်းအင်အား (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့
