ကလော ဇန်နဝါရီ ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောခရိုင်၊ကလောမြို့တွင် ၂၀၂၅-၂၀၂၆ ပညာ သင်နှစ်အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း၏ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ဇန်နဝါရီလ ၃ ရက်နေ့နံနက် ၉ နာရီက အဆိုပါကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့ရာ ကလောတပ်နယ် စစ်ဦးစီးတက္ကသိုလ် ခေတ္တ ကျောင်းအုပ်ကြီး၊ကလောခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ နှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ် ချုပ်ရေးကော်မတီ ဥက္ကဌ နှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာတာဝန်ရှိသူများကျောင်းသား မိဘဆရာအသင်းနှင့်ကျောင်းသားမိဘများတက်ရောက်ခဲ့သည်။
ရှေးဦးစွာအခမ်းအနားကို စုံညီပွဲတော်တို့နွှဲပျော်သီချင်းဖြင့်အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ကလောတပ်နယ် စစ်ဦးစီးတက္ကသိုလ် ခေတ္တကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ရန်နိုင်စိုး ၊ကလောခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့် တို့က ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍အဖွင့်အမှာစကားပြောကြားခဲ့သည်။ထို့နောက် ပညာရည်ချွန်ဆုရရှိခဲ့သည့်ဆရာ၊ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူများအား ကလောတပ်နယ်စစ်ဦးစီးတက္ကသိုလ် ခေတ္တ ကျောင်းအုပ်ကြီး၊ခရိုင်စီမံခန့်ခွဲရေးအုပ်ချုပ်ရေးကော်မ တီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများကဆုများအသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့ပြီး ကျောင်းသား၊ကျောင်းသူများက အကပဒေသာများဖြင့်ကပြဖျော်ဖြေခဲ့ကြ ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့
