မောက်မယ် ဇန်နဝါရီ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ မောက်မယ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူးကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂)အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ(၁)ရက် မွန်းလွဲ၂နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က လာမည့်ဇန်နဝါရီလ(၁၁)ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) ကျင်းပမည့်အခြေအနေများ၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ကျင်းပသည့်နေ့ တွင်ဆောင်ရွက်ရန်အချက်များ၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာများပူးပေါင်းရန်အမှာစကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းနိုင်က ရွေးကောက်ပွဲကျင်းပရာတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်အခြေအနေများ ဆက်လက်ဆောင်ရွက် သွားမည့်အခြေအနေများနှင့် ဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးစာရေးများက ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ အသီးသီးဆွေးနွေးခဲ့ကြသည်။ မောက်မယ်မြို့နယ်တွင် (၇)ရပ်ကွက် (၈)အုပ်စုရှိ မဲရုံများ(၃၃)ရုံမှ မဲဆန္ဒရှင်ပြည်သူများ(၂၂၉၇၇)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့