လင်းခေး ဇန်နဝါရီ ၁
လင်းခေးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး သည် ၁၁-၁-၂၀၂၆ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင်ပါဝင်သည့် မောက်မယ်မြို့နယ်အနေဖြင့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ဇန်နဝါရီလ ၁ ရက် နံနက်၈နာရီခွဲတွင် မြို့ပေါ်ရပ်ကွက်များရှိ မဲရုံများ၌ မဲရုံကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုနှင့် လုံခြုံရေးဆိုင်ရာ စီမံဆောင်ရွက်ထားရှိမှုအခြေအနေအား မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့် ကော်မတီဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့နှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လွှတ်တော်အလိုက် မဲပုံးများထား ရှိမည့်နေရာ၊ မဲစာရင်းစစ်ဆေးသူနေရာ၊ MEVM စက်ကိုင်တွယ်သူ နေရာ၊ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)များ စနစ်တကျ ထားရှိပြီး မဲရုံခင်းကျင်းသွားရန် မှာကြားဆောင်ရွက်ခဲ့သည်။
ထို့နောက် မောက်မယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေး( မြို့ပေါ်လုံခြုံရေး ) အဖွဲ့ဝင်များအတွက် (၁)ဦးချင်း နေ့တွက်စရိတ်ငွေများ ပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်၍ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးမင်းသက်နိုင်မှ အမှာစကား ပြောကြားခဲ့ပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ရဲမှူးမြင့်ဇော် မှ ၂၀၂၅ခုနှစ် ၊ ဒီဇင်ဘာလအတွက် (၁)ဦးချင်းနေ့တွက်စရိတ်ငွေများ ပေးအပ်ဆောင်ရွက်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များနှင့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေး ( မြို့ပေါ်လုံခြုံရေး )အဖွဲ့ဝင်များ စုစုပေါင်းအင်အား(၅၀ )ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ဆက်လက်၍ မိုင်းပန်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးဟန်ဇော်မြင့်သည် ၁၁-၁-၂၀၂၆ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင်ပါဝင်သည့် မိုင်းပန်မြို့နယ်အနေဖြင့် ရွေးကောက်ပွဲအောင်မြင်အောင်ကျင်းပပြုလုပ်နိုင်ရေးအတွက် မိုင်းပန်မြို့၊ အနောက်ရပ်ကွက်ရှိ မြို့မ စည်ပင်သာရေးဈေးအရှေ့နှင့် ဈေးအတွင်းရှိလူစည်ကားရာနေရာများ၌ အသိပညာပေးလက်ကမ်းစာ စောင်ဖြန့်ဝေခြင်းများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကော်မတီဝင် များနှင့်အတူ အသိပညာပေးလက်ကမ်းစာစောင်များ(၅၈၀)စောင်ခန့် ဖြန့်ဝေဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့