မိုင်းဆတ် ဒီဇင်ဘာ-၂၂
မိုင်းဆတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနအစည်းအဝေးခန်းမတွင် ဒီဇင်ဘာလ(၂၂) ရက် နံနက်(၁၀)နာရီတွင် ခရိုင် စီမံခန့်ခွဲရေးနှင်းအုပ်ချုပ်ရေး ကော်မတီ(ဥက္ကဋ္ဌ)နှင့် လုပ်ငန်းကော်တီမှ တာဝန်သူများနှင့်လုပ်ငန်းညှိနှိုင်းအစည်း အဝေးပြု လုပ်ရာ ခရိုင် စီမံခန့်ခွဲရေး နှင့်အုပ် ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေးနှင့် အဖွဲ့ဝင် များ ခရိုင်/မြိုနယ်ဌာနဆိုင်ရာများ ပညာရေး ဌာနမှ ဆရာ/ဆရာမများတက်ရောက်ခဲ့ကြပါသည်။
ဆက်လက်၍ အစည်းအဝေးတွင် ခရိုင် စီမံအုပ် ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေးမှဆွေးနွေးမှာကြာရာတွင်(၄.၁.၂၀၂၆) ရက်နေ့တွင်ကျရောက်မည့် ၂၀၂၆ ခုနှစ် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ တွင် နိုင်ငံတော် အလံတင်အခမ်းအနား၊နိုင်ငံတော်အလံအ လေးပြုအခမ်းအနားနှင့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ( ဥက္ကဋ္ဌ)၊ မှ ပေးပို့သည့် လွတ်လပ်ရေးနေ့သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားများအား ညွှန်ကြားချက်များနှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေး ကော်မတီများ အသီးသီးဖွဲ့ စည်းတာဝန်ပေးထားပြီး.ဖြစ်သဖြင့် သက်ဆိုင်ရာလုပ်ငန်းကော်မတီအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန်မှာကြားဆောင်ရွက်ခဲ့ပြီး ကော်မတီအလိုက်တင်ပြချက်များအားပေါင်းစပ်ညှိနိုင်းဆောင်ရွက်ပေးခဲ့ပါကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့
