မိုင်းရယ် ဒီဇင်ဘာ ၁၆
မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် အခြေခံပညာ ဉီးစီးဌာနတို့ ပူးပေါင်းပြီး လွတ်လပ်ရေးနေ့ သိကောင်းစရာဟောပြောပွဲကို ဒီဇင်ဘာ ၁၆ရက် နေ့လည်(၁) နာရီက အထက(မိုင်းရယ်)တွင် ကျင်းပပြုလုပ်သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဉီးစီးဌာန ဉီးစီးအရာရှိ ဒေါ်ခင်မာလာက လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံများနှင့် လွတ်လပ်ရေးကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်အတွက် ဟောပြောသည်။ ယင်းနောက် မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနက ပြသထားသည့် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှု မှတ်တမ်းဓါတ်ပုံများကို ကျောင်းသား/သူ များက လေ့လာကြည့်ရှုကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့