မောက်မယ် ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ပြည်သူများကိုယ်လက်လှုပ်ရှား ခြင်းဖြင့်ကျန်းမာကြံ့ခိုင်စေရန်၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ကာယဉာဏဖွံ့ဖြိုးရေး၊ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် သက်တမ်းစေ့နေနိုင်ရန်၊ အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့် မားရေးနှင့် ပြည်သူလူထုပါဝင်သည့် အားကစားလှုပ်ရှားမှုများကို ပိုမိုဆောင်ရွက်လာနိုင်စေရန်၊ ကျန်းမာ သန်စွမ်းသောလူ့စွမ်းအားအရင်းအမြစ်များပေါ်ထွန်းလာစေရေးအတွက်ရည်ရွယ်၍ မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် ၂၀၂၅ခုနှစ်ဒီဇင်ဘာအားကစားလ ဒုတိယပတ်စုပေါင်းလူထု လမ်းလျှောက်ပွဲကို ဒီဇင်ဘာလ(၁၃)ရက် နံနက်၅နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
ထိုလမ်းလျှောက်ပွဲကို မြို့နယ်အားကစားကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင် ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များနှင့် ပြည်သူများပါဝင်သော မြို့နယ်စုပေါင်းရုံးတွင်စုရပ်အဖြစ်လူစုပြီး မောက်မယ်−မိုးနဲကားလမ်းမအတိုင်း လမ်းလျှောက်၍ မြို့အဝင်ဆိုင်းဘုတ်(We Love Mawk Mai)ရှေ့တွင် ကံစမ်းမဲများနှင့် ကောက်ညင်းထုတ်များဝေငှပေးခဲ့ပြီး ထိုရှေ့ဝန်းအတွင်း၌ ကိုယ်လက်လှုပ်ရှားအားကစားနှင့် အကြော လျှော့လေ့ကျင့်ခန်းများ စုပေါင်းပြုလုပ်ကြသည်။
ဆက်လက်ပြီး ပျော်ပွဲရွှင်ပွဲအားကစားပွဲအဖြစ် မြို့နယ်နမ့်ယွမ်းဂေါက်ကွင်းတွင် ပိုက်ကျော်ခြင်း ပြိုင်ပွဲနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲများကိုဆက်လက်ကျင်းပပေးခဲ့ပြီး ဆုများကိုဒီဇင်ဘာလနောက်ဆုံးပတ် တွင်ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့