မောက်မယ် ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးတို့ အတွက်လင်းခေးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်းပါဝင်သောအဖွဲ့သည် ဒီဇင်ဘာလ၁၂ရက် နံနက်၉နာရီက စဉ့်ဆိုင်ကျေးရွာအုပ်စု၊ နားဆိုင်းကျေးရွာ နားဆိုင်းဆည်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ်(၁၈.၅၀၀)သန်းဖြင့် ဌာနမှတာဝန်ယူဆောင်ရွက်နေ သောနားဆိုင်းရေလွှဲဆည် အထက်ပိုင်းပေတိုင်(၅၀)တွင် ရေလျှံထိန်း တာဘောင်ပြုပြင်ခြင်းလုပ်ငန်း (၄၅%)ဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြု ရန်ပုံငွေကျပ်(၁၉.၅၀၀)သန်းဖြင့် နားဆိုင်းဆည်ရေတံခါးရွက်များ ပြုပြင်ခြင်းလုပ်ငန်း(၄၀%)ဆောင်ရွက် ပြီးစီးမှုနှင့်ပတ်သက်၍ အမှန်တကယ်ပြီးစီးမှုရှိ/မရှိ အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့
