ကလော ဒီဇင်ဘာ ၁၂
၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်ရေး “ဒို့အတူတူမဲပေးကြမယ်” အသိပညာ ပေး လက်ကမ်းစာစောင်ကို ဒီဇင်ဘာလ ၁၂ ရက် နံနက် ၁၀ နာရီခွဲက ကလောမြို့နယ်အတွင်း လူစည်ကားသည့် နေရာများတို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ဦးစွာ ကလောမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာတာဝန်ရှိသူများတို့က “ရွေးကောက်ပွဲမှသည် ပိုမို ကောင်းမွန်သော အနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားည်း မရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့” စသည့် ဆောင်ပုဒ်များ ပါဝင်သည့် “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်ကို လူစည်ကားသည့် နေရာဖြစ်သည့် ဈေးများတို့တွင် ဈေးရောင်းဈေး၀ယ်လာကြသည့် မိဘပြည်သူများ၊ လမ်းသွားလမ်းလာ ပြည်သူများ၊ မော်တော်ယာဉ် ဂိတ်များရှိ ခရီးသွားပြည်သူများ ကာယဉာဏအလုပ်သမားများအား ရွှေးကောက်ပွဲနှင့်ပတ်သက်၍ ကျယ်ပြန့်ပြန့်သိရှိစေရန် လက်ဝယ်အရောက် ဖြန့်ဝေပေးကြသည်။
မကြာမီကျင်းပတော့မည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသည် အသက် (၁၈)နှစ်ပြည့်ပြီး နိုင်ငံသားတိုင်း လာမည့်ရွေးကောက်ပွဲတွင် မဲပေးသင့်ပြီး မဲပေးရန်လည်း တာဝန်ရှိ ပါကြောင်း နှင့် ၂၀၂၅ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူအားလုံး ပါဝင် မဲပေးနိုင်ရေး ပြည်သူများထံ အသိပေးလှုံ့ဆော်မှုများကို မြို့နယ်အတွင်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့
