မောက်မယ် ဒီဇင်ဘာ ၁၀
မောက်မယ်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးမင်းသက်နိုင်သည် ဒီဇင်ဘာလ ၁၀ ရက် နံနက် ၉ နာရီတွင် နမ့်လွတ်ကျေးရွာအုပ်စု မြေဧရိယာ(၁၉.၆)ဧကရှိ လုပ်ကွက်(၁)ကွက်တွင် ဂေါဒန်ကျောက်(စက်မှုတွင်းထွက်ကုန်ကြမ်း) အသေးစားစမ်းသပ်တိုင်းတာ ခွင့်ပြုမိန့်ရရှိခဲ့ပြီးဖြစ်သဖြင့် ထုတ်လုပ်ကူးပြောင်းနိုင်ရေး MONG SIT GROUP Trading Co.,ltd(ဦးကျော်ကိုထိုက်)မှ လျှောက်ထားတင်ပြလာသည့် လုပ်ကွက်မြေနေရာသို့ မြို့နယ်မြေစာရင်းဦးစီးဌာန ၊ မြို့နယ်သစ်တောဦးစီးဌာန၊ သက်ဆိုင်ရာကုမ္ပဏီ တာဝန်ခံ ၊ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပါကြောင်း သိရှိရသည်။
ထို့နောက် ဟိုမိန်းမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသူရအောင်သည် ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် (၃၅.၀၃၄) သန်းဖြင့် တင်ဒါအောင်မြင်ပြီး Genius King Co.,Ltd မှတာဝန်ယူ ဆောင်ရွက်လျက်ရှိသော ဟိုမိန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ (၆)ခန်းတွဲ ဝန်ထမ်းနေအိမ် ခြံစည်းရိုးအုတ်တံတိုင်း(၄၅၀×၆)ပေ ကာရံခြင်းလုပ်ငန်းပြီးစီးမှုအခြေအနေအား အရည်းအသွေး၊ စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးတို့အား ရုံးတွင်းစီမံခန့်ခွဲရေးအဖွဲ့ တို့နှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေးဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့