တန့်ယန်း ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လူထု အားကစားလ စုပေါင်းလမ်းလျှောက်ပွဲအား အောင်မင်္ဂလာရင်ပြင်မှ စတင်၍ ပြည်သူ့အားကစားကွင်းကြီးသို့ ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၆ နာရီက စုပေါင်းလမ်းလျှောက်ပွဲ ပထမပတ်ကို ကျင်းပခဲ့သည်။
အဆိုပါ လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲအား နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူးနှင့် အရာရှိများ၊ မိသားစုများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦး နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်မျိုး ထွန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်တို့မှ တာဝန်ရှိ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ အခြေခံ ပညာကျောင်းများမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ရပ်ကွက်ပြည်သူများက တပျော်တပါး စုပေါင်းလမ်းလျှောက်ကြပြီး ပြည်သူ့အားကစားကွင်းကြီး၌ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ကိုယ်လက်ကြံ့ခိုင်ရေး အတွဲ(၁)၊ အတွဲ(၂)တို့ကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
