ဆီဆိုင် ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် ဒီဇင်ဘာလ အားကစားလှုပ်ရှားမှု လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၆ရက် နံနက် ၅ နာရီခွဲက အ.ထ.က(ဆီဆိုင်) ကျောင်းရှေ့မှ စတင်၍ ဟိုခဲရပ်ကွက် မြို့ပတ်လမ်းမှ အ.ထ.က(ဆီဆိုင်)ကျောင်းထိ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ကျော်ရန်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ကျောင်းဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများတို့က တပျော်တပါးစုပေါင်းလမ်းလျှောက်ခဲ့ကြပြီး အ.ထ.က(ဆီဆိုင်)ကျောင်း အားကစားကွင်တွင် ကိုယ်လက်ကြံ့ခိုင်ရေး အတွဲ(၁)၊ အတွဲ(၂)နှင့် Fitness Dance အကများဖြင့် တပျော်တပါးပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး