မိုင်းရယ် ဒီဇင်ဘာ ၆
၂၀၂၅ခုနှစ် ဒီဇင်ဘာ အားကစားလအဖြစ် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်၍ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဌာန ဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသား/သူများပါဝင်သည့် စုပေါင်းအဖွဲ့သည် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင် သန်စွမ်းစေရေး အတွက် လူထုစုပေါင်း လမ်းလျှောက်ပွဲနှင့် အားကစား ပြိုင်ပွဲများကို ဒီဇင်ဘာ ၆ရက် နံနက် ၅ နာရီက မိုင်းရယ်မြို့၌ ကျင်းပသည်။
ထိုသို့ကျင်းပရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဉက္ကဌ ဦးစိုးမင်းအောင် နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ဆရာမများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ကျောင်းသူများသည် မြို့လယ်မဟာဗောဓိရွှေစေတီ နှင့်ဆုတောင်းပြည့်ဘုရား ကိုးဆူစေတီမှ စတင်တာထွက်ရာ မိုင်းရယ်-ကျေးသီးသွား ကားလမ်းအတိုင်း အ.မ.က (နားလီ)အထိ စုပေါင်း လမ်းလျှောက်ကြပြီး မြို့နယ်အားကစားကွင်း၌ ပန်းဝင်၍ ကိုယ်ကာယ လေ့ကျင့်ခန်းများပြုလုပ်ခဲ့ကြသည်။
ယင်းနောက် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အဆိုပါ မြို့နယ်အားကစားကွင်း၌ မြန်မာ့ရိုးရာ အားကစားပြိုင်ပွဲများကို ပြုလုပ်ပေးရာ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများက ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာ ဝန်ရှိသူများက အားပေးခြင်း၊ ဆုများပေးအပ်ချီးမြှင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး