ကျေးသီး ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှုးခရိုင်၊ မြို့နယ်တွင် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၆ ရက် နံနက် ၅ နာရီခွဲကမြို့လယ်တြိဂံလမ်းဆုံမှစတင်၍ နားလွယ်လမ်းခွဲမှမြို့မအားကစားကွင်းသို့ စုပေါင်းလမ်းလျှောက်ခဲ့ကြောင်း သိရသည်။
အဆိုပါလမ်းလျှောက်ပွဲတွင် ခေတ္တစစ်ဗျုဟာမှူး ဒုတိယဗိုလ်မှူးကြီးမင်းဦး ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးသက်နောင်ဖြူနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများတို့ ကမြို့လယ်တြိဂံလမ်းဆုံမှ လမ်းမကြီးတစ်လျှောက် ပျော်ပျော်ပါးပါး ပါဝင်စုပေါင်းလမ်းလျှောက်ကြပြီး မြို့မအားကစားဘောလုံးကွင်းအတွင်း၌ သွေးပူလေ့ကျင့်ခန်းနှင့် ကိုယ်လက်လေ့ကျင့်ခန်းများ လုပ်ဆောင်ခဲ့ကြပြီးကျောင်းသားကျောင်းသူများမှအားကစားပြိုင်ပွဲ မီတာ ၁၀၀၊ အာလူးကောက်၊ အိတ်စွပ်ပြိုင်ပွဲမှ ဆုရရှိသူများအား ဆုအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
