မောက်မယ် ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ပြည်သူများကိုယ်လက်လှုပ်ရှား ခြင်းဖြင့်ကျန်းမာကြံ့ခိုင်စေရန်၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ကာယဉာဏဖွံ့ဖြိုးရေး၊ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် သက်တမ်းစေ့နေနိုင်ရန်၊ အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့် မားရေးနှင့် ပြည်သူလူထုပါဝင်သည့် အားကစားလှုပ်ရှားမှုများကို ပိုမိုဆောင်ရွက်လာနိုင်စေရန်၊ ကျန်းမာ သန်စွမ်းသောလူ့စွမ်းအားအရင်းအမြစ်များပေါ်ထွန်းလာစေရေးအတွက်ရည်ရွယ်၍ မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် ၂၀၂၅ခုနှစ်ဒီဇင်ဘာအားကစားလ ပထမပတ်လူထုလမ်း လျှောက်ပွဲကို ဒီဇင်ဘာလ(၆)ရက် နံနက်၅နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
ထိုလမ်းလျှောက်ပွဲကို မြို့နယ်အားကစားကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင် ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များနှင့် ပြည်သူများပါဝင်သော မြို့နယ်စုပေါင်းရုံးတွင်စုရပ်အဖြစ်လူစုပြီး မောက်မယ်−မိုးနဲကားလမ်းမအတိုင်း လမ်းလျှောက်၍ မြို့အဝင်ဆိုင်းဘုတ်(We Love Mawk Mai)ရှေ့တွင် မုန့်ထုတ်များဝေငှပေးခဲ့ပြီး ထိုရှေ့ဝန်းအတွင်း၌ ကိုယ်လက်လှုပ်ရှားအားကစားနှင့် အကြောလျှော့လေ့ကျင့်ခန်းများ စုပေါင်းပြုလုပ် ကြကြောင်းသိရသည်။
ထို့နောက် မောက်မယ်မြို့နယ်အတွင်း အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးတို့အတွက် ကျေးလက်နေပြည်သူများအနေဖြင့် လူနေမှုအဆင့်အတန်း မြင့်မားလာပြီး လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်မြှင့်မားလာစေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင် ဦးဆောင်သော မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်းပါဝင်သောအဖွဲ့သည် ညနေ၃နာရီက စဉ်ဆိုင်ကျေးရွာအုပ်စု၊ နားဆိုင်းကျေးရွာ နားဆိုင်းဆည်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့်အဖွဲ့ဝင်များ ဦးဆောင်သော မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီဝင် ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ်(၁၈.၅၀၀)သန်းဖြင့် တာဝန်ယူဆောင်ရွက်နေသော နားဆိုင်းရေလွှဲဆည် အထက်ပိုင်းပေတိုင်(၅၀)တွင် ရေလျှံထိန်းတာဘောင်ပြုပြင်ခြင်းလုပ်ငန်း (၄၅%)ဆောင်ရွက်ပြီးစီးမှုနှင့် ပတ်သက်၍ အမှန်တကယ်ပြီးစီးမှုရှိ/မရှိ အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
