တောင်ကြီး ဒီဇင်ဘာ၅
ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်သည် ခရိုင်/ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဒီဇင်ဘာလ(၅)ရက်၊ နံနက်(၈)နာရီတွင် မဲစာရင်း မှန်ကန်စေရေးအတွက် မြေပြင်တစ်အိမ်တက်/ ဆင်းစာရင်းကောက်ယူလျက်ရှိရာ စာရင်းများအချိန်မီ အုပ်ချုပ်ရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့်ရုံးအဖွဲ့များ၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြေပြင်တစ်အိမ်တက်/ ဆင်းစာရင်းကောက်ယူမှုမပြီးပြတ်သေးသော ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများအပါအဝင် စုစုပေါင်းအင်အား(၇၀)ဦးခန့် တက်ရောက်ခဲ့ ပါသည်။
အဆိုပါအစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူးမှ မြေပြင်တစ်အိမ်တက်/ ဆင်းကွင်းဆင်း စစ်ဆေးကောက်ယူသည့် တာဝန်ခံအဖွဲ့များအနေဖြင့် စာရင်းကောက်ယူရာတွင် ပြင်ဆင်/ ဖြည့်စွက်/ ထည့်သွင်းရမည့် မဲစာရင်းများအား ရွေးကောက်ပွဲကော်မရှင် Server ထဲသို့ ထည့်သွင်းရမည်ဖြစ်ပါ၍ စာရင်းများအချိန်မီကောက်ယူပြီးစီးနိုင်ရေး လိုအပ်ပါက စာရင်းကောက်ယူ မည့်အဖွဲ့များဖြင့် ထပ်မံအင်အားတိုးမြှင့်ဆောင်ရွက်သွားရန် မှာကြားခဲ့ပါကြောင်း သိရှိရသည်။
ထို့နောက် ခရိုင်/ မြို့နယ်စုပေါင်းရုံး၌ သွယ်တန်းထားရှိသည့် လျှပ်စစ်မီးကြိုးများနှင့် ဆက်သွယ်ရေးကြိုးများ စနစ်တကျဖြစ်စေရေး ခရိုင်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ အင်ဂျင်နီယာမှူး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပါကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
