ကျိုင်းတုံ ဒီဇင်ဘာ(၄)
ကျိုင်းတုံမြို့၊ မဟာမြတ်မုနိဘုရားကြီး ဂန္ဓကုဋီတိုက်အတွင်း သံဃာတော်(၁၁၀)ပါးတို့က အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖျတ်ပူဇော်ခြင်း အခမ်းအနားကို ဒီဇင်ဘာလ( ၄ ) ရက် ညနေ( ၅ ) နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေး အဖွဲ့ခွဲ( ရှမ်းအရှေ့ )၊ ဥက္ကဋ္ဌ၊ ဦးတင်လင်း နှင့် ဇနီး သည် ဝစီပိတ်ဆရာတော်ကြီးအမှူးပြုသော သံဃာတော်များ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးနှင့် စစ်ဘက်အရာရှိကြီးမျာနှင့် ဇနီးများ၊ နယ်ဘက်ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ၊ ဂေါပကအဖွဲ့များ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားပြည်သူများနှင့် အတူတက်ရောက်ခဲ့ပြီး အခမ်းအနားအား နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး ကျိုင်းတုံမြို့၊ တူယားကျောင်းတိုက်၊ နိုင်ငံတော်ဩဝါဒါစရိယဆရာတော်ကြီး ဘဒ္ဒန္တပညာသာမိထံမှ ကိုးပါးသီလခံယူဆောက်တည်ခြင်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲ၊ ပေါက်ပေါက်စသည်တို့ကို အကြီးအကဲများမှ သံဃာတော်များထံသို့ ဆက်ကပ်လှူဒါန်းခြင်း၊ သံဃာတော်များမှ ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်တော်မူခြင်း၊ သံဃာတော်များအား လှူဖွယ်များ ဆက်ကပ်လှူဒါန်ခြင်း၊ လှူဒါန်းမှုအစုစုတို့အတွက် ကျိုင်းတုံမြို့ သာသနာ့ဝေပုလ္လကျောင်းတိုက်၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိဇယထံမှ ရေစက်ချတရားနာယူ၍ အမျှအတန်းပေးဝေကြခြင်း၊ ဗုဒ္ဓသာသနံ စိရံတိဌတု ( ၃ ) ကြိမ်ရွတ်ဆိုဆုတောင်းခဲ့ပြီး အခမ်းအနားအောင်မြင်းပြီးမြောက်ခဲ့ပြီးနောက် ဝစီပိတ်ဆရာတော်ကြီးအမှူးပြုသော သံဃာတော်များနှင့် အခမ်းအနား တက်ရောက်လာသူများနှင့်အတူ ဆီမီးများတပြိုင်နက် ထွန်းညှိပူဇော်ခြင်း၊ မီးပုံးပျံများ လွှတ်တင်ပူဇော်ခြင်း၊ မီးရှူး မီးပန်းများ ပစ်ဖောက်ပူဇော်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
