ဟိုပုံး ဒီဇင်ဘာ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒီဇင်ဘာလ(၄)ရက် နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာ ရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများက အမျိုးသားရေးတာဝန် ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲစာရင်းများကို အိမ်တိုင်ရာရောက်ကွင်း ဆင်းတိုက်ဆိုင်စစ်ဆေးခြင်း ဆောင်ရွက်ပေးလျက်ရှိသည်။
ဦးစွာ ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တို့က လွယ်အွန့်ကျေးရွာအုပ်စု ဖာလွိုင်ကျေးရွာနှင့် ရန်ကင်း ကျေးရွာ၊ အနောက်ရပ်ကွက်တို့၌ တာဝန်ရှိသူများက မဲစာရင်းများ၊ မြေပြင်ကွင်းဆင်းတိုက်ဆိုင် စစ်ဆေး နေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များလမ်းညွှန်မှာ ကြားခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် အိမ်ထောင်စုလူဦးရေစာရင်းတွင် ပါဝင်သည့် အမည်စာရင်းနှင့် မဲစာရင်း၌ ပါဝင်သည့် အမည်စာရင်းမှန်၊ မမှန်စိစစ်၍ မဲစာရင်း၌ မိမိအမည်မပါဝင်ပါက ပုံစံ(၃)ဖြင့် လည်းကောင်း၊ မဲစာရင်းတွင် အမည်စာရင်းမပါဝင်သင့်သူများပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
