တောင်ကြီး ဒီဇင်ဘာ ၂
တောင်ကြီးမြို့နယ်၊ ရပ်ကွက် /ကျေးရွာအုပ်စု(၇၅)ခုအနက် Door to Door ဆောင်ရွက်နေသည့် တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်များ မှ ရေအေးကွင်းရပ်ကွက်၊ မင်္ဂလာဦးရပ်ကွက်နှင့် ညောင်ဖြူစခန်းရပ်ကွက်များသို့ ဒီဇင်ဘာလ ၂ ရက် နံနက်(၁၀)နာရီခွဲတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် စိန်မြင့်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအေးနိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဦးတင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းနှင့်အဖွဲ့ဝင်များ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌတို့မှ မဲစာရင်းမှန်ကန်ရေး လိုအပ်ချက်များ၊ အခက်အခဲ များ ရှိ / မရှိ မေးမြန်းကာ သတ်မှတ်ချိန်အတွင်း အချိန်မှီပြီးစီးရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိ စေရေးအထူးဂရုပြုစိစစ်ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါ ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး