‎ပင်းတယ ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်းတယမြို့၊မြို့နယ်အတွင်းရှိရပ်ကွက် / ကျေးရွာများတွင်မဲဆန္ဒရှင်ပြည်သူများ နိုင်ငံသားအခွင့်အရေးများမဆုံး‌ရှုံးစေရန်အတွက် ဒီဇင်ဘာလ(၃)ရက် မဲစာရင်းမှန်ကန် စေရေး တစ်အိမ်တက်ဆင်း(Door to Door) မြေပြင်ကွင်းဆင်း စာရင်းတိုက်ဆိုင်စစ်ဆေး စိစစ်ဆောင်ရွက်ခြင်းများကို ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်မည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့်မဲဆန္ဒရှင်စာရင်းတိကျမှန်ကန်စေရန် မဲစာရင်း တွင်ပါသင့်သူများမကျန်ရှိစေရေး အသက်(၁၈)နှစ်ပြည့်နှင့်အထက်စာရင်းအချက်အလက်များ ပြည့်စုံမှန်ကန်ရန်အတွက်ပင်းတယမြို့နယ်အတွင်းရှိရပ်ကွက်နှင့် ကျေးရွာများတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ရပ်ကျေးစာရေးများ၊ကော်မရှင်အဖွဲ့ဝင်များ၊ဆယ်အိမ်မှူး၊ရာအိမ်မှူးများတို့က တစ်အိမ်တက်ဆင်းမဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းကို‌ ဆောင်ရွက်လျက်ရှိပြီး အဆိုပါ မဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းများအား နိုဝင်ဘာလ ၂၈ ရက်နေ့မှစတင်၍ ဒီဇင်ဘာလ ၈ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် စပ်မျိုးနေကြာမျိုးစေ့ထုတ်လုပ်ငန်း ၁၀ ဧက စိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ဒေသစိုက်ပျိုးရေးဦးစီးဌာနမှ ဒေသဦးစီးမှူး ဦးကျော်ကျော်ညွှန့်သည် ဒီဇင်ဘာ ၃ ရက်နေ့က ပင်းတယမြို့နယ် ပွေးလှကျေးရွာအုပ်စု ရှောက်ပင်ကျေးရွာမှ စပ်မျိုးနေကြာမျိုးစေ့ထုတ်စိုက်ပျိုးနေ သော တောင်သူဦးကျော်တင့်၏ စိုက်ကွက်တွင် မျိုးစေ့ထုတ်လုပ်ခြင်းနည်းပညာများအား တောင်သူ များကိုယ်တိုင် စိုက်ပျိုးထုတ်လုပ်တတ်စေရန်၊ မြေဩဇာ စနစ်တကျ အချိုးညီအချိန်ကိုက်ကျွေးခြင်း အပင်သားခွဲခြင်း မျိုးကွဲပယ်ခြင်း၊ ပိုးမွှားရောဂါကာကွယ်ခြင်းလုပ်ငန်း များအား ပညာပေးဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အဆိုပါ စပ်မျိုးနေကြာမျိုးစေ့ထုတ်လုပ်ငန်းကို ၂၀၂၅-၂၀၂၆ ခုနှစ် ရှမ်းပြည်နယ် ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ဆောင်ရွက်လျက်ရှိရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် တောင်ရှည်ကျေးရွာအုပ်စု ကံသာကျေးရွာရှိ သပြေကုန်းခြံတွင် စပ်မျိုးနေကြာမျိုးစေ့ထုတ်လုပ်ငန်း ဧက ၅၀ ကိုလည်းစိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်းလည်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး