တန့်ယန်း ဒီဇင်ဘာ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် နိုင်ငံသားတိုင်း ဆန္ဒမဲပေးပိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန် ထမ်းဆောင်ခြင်း ဖြစ်သည့်အတွက် မဲစာရင်းတွင်ကျန်ရှိမှုမရှိစေရေး အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေးခြင်းနှင့် မဲစာရင်း ပိုမိုပြည့်စုံမှန်ကန်မှုရှိစေရေးတို့အတွက် တစ်အိမ်တက်ဆင်း (Door to Door) တိုက်ဆိုင်စစ်ဆေးခြင်းအား ဆောင်ရွက်နေလျှက်ရှိရာ ဒီဇင်ဘာလ(၂)ရက် နံနက်ပိုင်းက ခရိုင်နှင့် မြို့နယ်တို့မှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုခဲ့သည်။
ထိုသို့လိုက်လံကြည့်ရှုရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦး၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်းနှင့် တာဝန်ရှိသူများက တစ်အိမ်တက်ဆင်း (Door to Door) တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းအား ကြည့်ရှုခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
