လားရှိုး ဒီဇင်ဘာ ၂
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန် ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲဆန္ဒရှင်စာရင်းများမှန်ကန်စေရန် ရည်ရွယ်၍ “ဒို့အတူတူ မဲပေးကြမယ်” လက်ကမ်းစာစောင်ကို ဒီဇင်ဘာလ(၂)ရက် နံနက်ပိုင်းက လူစည်ကားရာ နေရာဖြစ်သော ကားဂိတ်နှင့် မြို့မဈေးတို့တွင် သွားရောက်ဖြန့်ဝေခဲ့သည်။
အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင် ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့ စသည့်အကြောင်းအရာများပါဝင်ပြီး ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
