ကျေးသီး ဒီဇင်ဘာ ၂
ရှမ်းပြည်နယ် (တောင်ပိုင်း) ကျေးသီးမြို့နယ်တွင် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်အမည်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြေညာပေးလျက်ရှိရာ ပြည်သူများလာရောက်ကြည့်ရှုမှုအပြင် မဲစာရင်းပါရှိမှုရှိ မရှိ သိရှိနိုင်ရန်အတွက်ရပ်ကွက်နှင့် ကျေးရွာ အုပ်စုများတွင် တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့များက ဒီဇင်ဘာလ(၂)ရက်တွင် တိုက်ဆိုင်စစ်ဆေး ကောက်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၎င်းမဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် အိမ်တိုင်ရာရောက် စစ်ဆေးဆောင်ရွက်လျက် ရှိရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးသက်နောင်ဖြူ နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲများပါဝင်သော ကွင်းဆင်းကောက်ယူရေးအဖွဲ့ (၃၇) ဖွဲ့ ဖြင့် ရပ်ကွက် (၁၁)ရပ်ကွက်၊ ကျေးရွာအုပ်စု( ၃၂)အုပ်စုအတွင်း နေထိုင်သည့် အိမ်ထောင်စုအလိုက် မဲစာရင်းပါမပါတိုက်ဆိုင်စစ်ဆေးခြင်း၊ မဲစာရင်း၌ အမည်မပါဝင်ပါက ထည့်သွင်းခြင်း၊ မဲစာရင်း ပါအချက်အလက်ပြင်ဆင်ရန်ရှိပါက ပြင်ဆင်ခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး