ရပ်စောက် ဒီဇင်ဘာလ ၁ ရက်
ရပ်စောက်မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအုပ်စု (၃၂)အုပ်စုအား အဖွဲ့(၃၉)ဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ကာ ဒီဇင်ဘာလ ၁ ရက် နံနက်(၈)နာရီက မဲဆန္ဒရှင်စာရင်း ပြည့်စုံ မှန်ကန်စေရေးအတွက် Door to Door စနစ်ဖြင့် အိမ်ပေါက်စေ့ကွင်းဆင်းစစ်ဆေးနေ မှုများအား မြို့နယ်အုပ်ချုပ်ရေးမှူး ကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေသည် ပါမဲကျေးရွာအုပ်စုနှင့် မားသဲကျေးရွာအုပ်စုများတွင် စာရင်းစိစစ်နေသည့်အဖွဲ့များအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
ထို့နောက် အင်တောမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းသူသည် နံနက်(၁၀)နာရီတွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့်အတူ မဲစာရင်းပြည့်စုံမှန်ကန်စေရေးအတွက် အိမ်ပေါက်စေ့ကွင်းဆင်း စစ်ဆေးမှုများအား ကြီးကြပ်ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး