ကျောက်တလုံးကြီး ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန် သတ်မှတ်ချက်ပုံစံနှင့်ကိုက်ညီသော မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင် ပါဝင်နိုင်ရေးနှင့် အချက်အလက်များ ပြည်စုံမှန်ကန်မှုရှိစေရေးအတွက် ဒီဇင်ဘာလ (၁) ရက်တွင် နံနက်ပိုင်းက ကက္ကူကျေးရွာအုပ်စုနှင့် နောင်ခဲကျေးရွာအုပ်စုအတွင်း သက်ဆိုင်ရာတာ၀န်ရှိသူများက လိုက်လံကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
ထို့သို့ကွင်းဆင်း ဆောင်ရွက်ရာတွင် မြို့နယ်မြေပြင်ကွင်းဆင်း ကောက်ယူရေးကော်မတီအဖွဲ့များနှင့် သက်ဆိုင်ရာကော်မရှင် အဖွဲ့ခွဲ၊ အဖွဲ့ဝင်များပူးပေါင်း၍ မဲစာရင်း၌ မိမိအမည်မပါဝင်ပါက ပုံစံ (၃) ဖြင့် လည်းကောင်း၊ မဲစာရင်းတွင် အမည်စာရင်း မပါဝင်သင့်ဘဲ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄/ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများကို လိုက်လံကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး