လင်းခေး ဒီဇင်ဘာလ ၁ ရက်
လင်းခေးခရိုင် လင်းခေးမြို့နယ်၌ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲစာရင်းကပ်ထားကြေညာ ဆောင်ရွက်ရာတွင် မဲစာရင်းများ မှန်ကန်စေရေး၊ မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့်ဆုံးရှုံးမှုမရှိစေရေး၊ မဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းတွင် ကျန်ရှိမှုမရှိစေရေးအတွက် တစ်အိမ် တက်/ဆင်း (Door to Door ) မဲစာရင်းတိုက်ဆိုင်စစ်ဆေးရေးအဖွဲ့များ တိုက်ဆိုင်စစ်ဆေးနေမှုအား ဒီဇင်ဘာလ ၁ ရက် နံနက်(၈)နာရီခွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် ဦးဆောင်၍ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ မြို့ပေါ်ရပ်ကွက် များနှင့် ကျေးရွာအုပ်စုများသို့ ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။
လင်းခေးမြို့နယ်သည် မြို့(၁)မြို့၊ ရပ်ကွက်(၁၁)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၄)အုပ်စု၊ ကျေးရွာ (၈၇)ကျေးရွာတို့ဖြင့် ဖွဲ့စည်းထားရှိပြီး အိမ်ခြေ(၈၈၀၄)အိမ်၊ ဒုတိယအကြိမ်မဲဆန္ဒရှင် စာရင်းကပ်ထား ကြေညာထားသည့် မဲစာရင်း(၂၁၆၈၅)ဦးတို့အပြင် အကျုံးဝင်သူများ မဲပေးပိုင်ခွင့် ဆုံးရှုံးမှုမရှိစေရေးနှင့် မဲစာရင်းများ မှန်ကန်စေရေးအတွက် ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် ဌာနဆိုင်ရာများ၊ ရပ်ကွက် နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ရာအိမ်မှူး၊ လုံခြုံရေးအဖွဲ့များဖြင့် ပါဝင်သော အဖွဲ့(၂၅)ဖွဲ့ ဖွဲ့စည်းထားရှိပြီး မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးလျက်ရှိပါသည်။
ထို့နောက်“နွယ်ဝတီ” ခန်းမ၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲရုံများတွင်တာဝန် ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များနှင့် ရပ်ကွက်နှင့် ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့အား “လုပ်ငန်းခွင်အကြိုသင်တန်း” ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးစခွန်းနှင့် အဖွဲ့ဝင်များ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျာလင်း၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ သင်တန်းတက်ရောက်မည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံ အဖွဲ့ဝင် ဆရာ/ဆရာမများ၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ စုစုပေါင်း(၁၆၀)ဦး တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ကိုယ်စား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က လုပ်ငန်းခွင်အကြိုသင်တန်း ဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ လမ်းညွှန်အမှာစကားပြောကြားပြီး ခရိုင်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်(၁)၊ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး တို့က သင်တန်းတက်ရောက်လာသော မဲရုံမှူး၊ ဒုမဲရုံမှူးနှင့်အဖွဲ့ဝင်များတို့အား မဲရုံမှူး၊ ဒုတိယမဲရုံမှူး လုပ်ငန်းလမ်းညွှန်များ ပေးအပ်ခဲ့ကာ အခမ်းအနားအား ၀၉၃၀နာရီချိန် ရုပ်သိမ်းခဲ့ပါကြောင်း နှင့် “လုပ်ငန်းခွင်အကြိုသင်တန်း”အား (၁-၁၂-၂၀၂၅)ရက်နေ့မှ (၂-၁၂-၂၀၂၅)ရက်နေ့အထိ ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်ပါသည်။
ဆက်လက်၍ မောက်မယ်မြို့နယ်အတွင်း မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးလုပ်ငန်းများ ပြီးမြောက်အောင်မြင်ရန်အတွက် မြို့နယ်( Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊(မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးမင်းသက်နိုင်သည် မြို့နယ်(Working Group)မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စုမြေပြင်တစ်အိမ်တက်ဆင်းကောက်ယူရေးအဖွဲ့( Working Group)များအား တွေ့ဆုံ၍ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်နေမှုနှင့် ပတ်သတ်၍ အလေးထားပြီး ဆောင်ရွက်သွားရန်နှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေး မှာကြားခဲ့ပါသည်။
၎င်းနောက် ဟိုမိန်းမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသူရအောင်သည် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ၂၈ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ မဲစာရင်းများကပ်ထားကြေညာ ဆောင်ရွက်ရာတွင် မဲစာရင်းများမှန်ကန်စေရေး၊ မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့်ဆုံးရှုံးမှုမရှိစေရေး၊ မဲပေးပိုင်ခွင့် ရှိသူများ မဲစာရင်းတွင်ကျန်ရှိမှု မရှိစေရေးအတွက် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ တစ်အိမ်တက်/ဆင်း မဲစာရင်းတိုက်ဆိုင်စစ်ဆေးရေးအဖွဲ့များမှ အမှတ်(၁)၊(၂)၊(၃) ရပ်ကွက်ရှိအိမ်များအား တစ်အိမ်တက်/ဆင်း မဲစာရင်းတိုက်ဆိုင်စစ်ဆေးရာတွင် လိုက်ပါကြီးကြပ်ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
