မောက်မယ် နိုဝင်ဘာ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများမှန်ကန် စေရေး မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များဖြင့် နိုဝင်ဘာလ၃၀ရက် နံနက်ပိုင်းမှစ၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက် ခဲ့ကြောင်းသိရသည်။
၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်များအားလုံး မဲစာရင်း၌ပါဝင်စေရေး ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကြေညာထားသည့်မဲစာရင်းများ မှန်ကန်မှုရှိစေရေးအတွက် မြို့နယ်စီမံခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များဖွဲ့စည်းကာ ယနေ့တွင် အဖွဲ့(၇)ဖွဲ့ခွဲ၍ မြို့ပေါ်(၇)ရပ်ကွက်အတွင်း မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များက တစ်အိမ်တက်ဆင်း လှည့်လည်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
