ဆီဆိုင် နိုဝင်ဘာ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် နိုဝင်ဘာလ(၃၀)ရက် နံနက်ပိုင်းက ရပ်ကွက်/ ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့်် မဆုံးရှုံးစေရေး၊ မဲစာရင်းတွင်အမည်ပါရှိ စေရေးအတွက် တစ်အိမ်တက်တစ်အိမ်ဆင်း တိုက်ဆိုင်စစ်ဆေးခြင်းကို မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့များက ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့နယ်ကော်မရှင်အဖွဲ့၊ ရပ်ကွက်/ ကျေးရွာကော်မရှင်အဖွဲ့တို့ပါဝင်သော မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များက ရပ်ကွက်/ ကျေးရွာအုပ်စု အသီးသီးသို့ သွားရောက်၍ ဒေသခံပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး၊ မဲစာရင်းတွင်အမည်ပါရှိစေရေး စသည့်လုပ်ငန်းများကို နေ့စဉ်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးပြီး ကျန်ရှိသူများရှိပါက ပုံစံ-၃၊ ပြင်ဆင်ပယ်ဖျက်ခြင်းရှိပါက ပုံစံ-၄ များဖြင့် စီစဉ်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
