တန့်ယန်း နိုဝင်ဘာ ၃၀
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းတွင် ကျန်ရှိမှု မရှိစေရေးနှင့် မဲစာရင်းများ ပိုမိုပြည့်စုံမှန်ကန်မှု ရှိစေရေးတို့အတွက် တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း၍ တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများအား နိုဝင်ဘာလ၃၀ရက် နံနက်ပိုင်းက ဆောင်ရွက်နေလျှက်ရှိရာ ခရိုင်နှင့် မြို့နယ်တို့မှ တာဝန်ရှိသူများ လိုက်လံကြည့်ရှုခဲ့ကြသည်။
ထိုသို့လိုက်လံကြည့်ရှုရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦး၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်းနှင့် တာဝန်ရှိသူများက တစ်အိမ်တက်ဆင်း မြေပြင် ကွင်းဆင်း၍ တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများအား ရပ်ကွက်အလိုက် ကြီးကြပ်ရေးတာဝန်ရှိ ဌာနဆိုင်ရာ များတို့မှ အိမ်ထောင်စုအမှတ်စဉ်နှင့် မိသားစုအမှတ်စဉ်များကို နေရပ်လိပ်စာအတိုင်း နေထိုင်ခြင်း ရှိ/ မရှိ တိုက်ဆိုင်စစ်ဆေး စာရင်းပြုစုခြင်း၊ သေဆုံးစာရင်းများပြုစုခြင်း၊ စာရင်းမရှိနေထိုင်သူများ စာရင်းပြုစုခြင်း လုပ်ငန်းများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
