မောက်မယ် နိုဝင်ဘာ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ မောက်မယ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူးကျင်းပသည့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲလုပ်ငန်းခွင်အကြို သင်တန်းဖွင့်ပွဲအခမ်းအနားကို မောက်မယ်မြို့နယ်ရှိ နမ့်ယွန်းခန်းမတွင် နိုဝင်ဘာလ(၂၇)ရက် နံနက်၉နာရီခွဲက ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မောက်မယ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုင်းဟံရွှေက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ မြို့နယ် ရွေးကောက်ပွဲအရာရှိ ဒေါ်သင်းသင်းနိုင်က သင်တန်းတက်ရောက်မည့် မဲရုံမှူး၊ ဒုမဲရုံမှူးများ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းခွင်အခန်းကဏ္ဍများရှင်းလင်းပြောကြားကာ သင်တန်းသား/သင်တန်းသူ ဆရာ၊ဆရာမများ(၉၄)ဦးတက်ရောက်ပြီး သင်တန်းကို နိုဝင်ဘာလ၂၇ရက်နေ့မှ နိုဝင်ဘာလ၂၈ရက်နေ့ အထိ နှစ်ရက်အကြာဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
