ကျေးသီး နိုဝင်ဘာ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လိွုင်လင်ခရိုင်၊ ကျေးသီးမြို့၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းလမ်းညွှန်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်၊ နံနက် (၈)နာရီခွဲကကျေးသီးမြို့အခြေခံပညာအထက်တန်းကျောင်းခန်းမ ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးသက်နောင်ဖြူက ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျေးသီးမြို့နယ်တွင် တတိယပိုင်းအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းလမ်းညွှန်သင်တန်းကို (၂၇−၁၁−၂၀၂၅)ရက်နေ့မှ (၂၈−၁၁−၂၀၂၅)ရက်နေ့ အထိ (၂)ရက်တာဖွင့်လှစ်၍ မဲရုံအဖွဲ့ဝင်များမှ ဆောင်ရွက်ရမည့်တာဝန်နှင့် လုပ်ပိုင်ခွင့်အခြေအနေများ၊ မဲစာရင်းစစ်ဆေးသူနှင့် ထိန်းချုပ်စက်ကိုင်တွယ်သူများ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာလုပ်ငန်းများ၊(MEVM)စက်များ သယ်ဆောင်ခြင်းနှင့် ကိုင်တွယ်အသုံးပြုရမည့်နည်းလမ်းများ၊ မဲရုံအတွင်းအသုံးပြုရမည့် လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေပါပုံစံများအား အသေးစိတ်ပို့ချ ဆွေးနွေးဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းကိုတဆက်တည်း ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နောင်ဖြူ၊ခရိုင်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှုးဦးသိန်းနိုင်က သင်တမ်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များပြောကြားပြီးလှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ကော်မတီဥက္ကဌဦးသက်နောင်ဖြူ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှုးနှင့်အဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက် ခဲ့ကြပြီး၊ သင်တန်းကို သင်တန်းနည်းပြ (၃)ဦးမှ ပို့ချဆွေးနွေး၍ သင်တန်းသား၊သင်တန်းသူ (၁၂၀) ဦးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
