တောင်ကြီး နိုဝင်ဘာလ ၂၆ ရက်
တောင်ကြီးမြို့နယ်၊ ခရိုင်/ မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ နိုဝင်ဘာလ၂၆ ရက် နေ့လည်(၁)နာရီတွင် ကျင်းပပြုလုပ်သော တပ်နယ်မှူးနှင့် ရပ် / ကျေးကော်မရှင် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ မဲစာရင်းစိစစ်အတည်ပြုနိုင်ရေး တွေ့ဆုံညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တောင်ကြီးတပ်နယ်(၁)မှ တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး အောင်ဇေယျ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးရန်နိုင်ထွန်း၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက် / ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ တာဝန်ရှိသူများ စုစုပေါင်းအင်အား (၁၇၀)ဦးခန့် တက်ရောက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
