မောက်မယ် နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးကျင်းပသည့် အာဟာရနှင့် ကျန်းမာရေးအမူအကျင့်ပြောင်းလဲရေး အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာလ၂၅ရက် နံနက်၁၁နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသက်နိုင်က အဖွင့်အမှာ စကားပြောကြားပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သက်သက်ဝင်းက မောက်မယ်မြို့နယ် အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှမွေးဖွားလာ သောအသက်၂နှစ်အောက်ကလေးသူငယ် များအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန မှနှစ်စဉ်(MCCT)ထောက်ပံ့ငွေများပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များပြောကြားကာ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါ်ကေသရီကျော်နှင့် အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းဆိုင်စံတို့က ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များအတွက် အဓိကလိုက်နာဆောင် ရွက်ရမည့် လူ့ဘဝအစ ရက်(၁၀၀၀)အတွင်း အာဟာရနှင့်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များပြည့်မီ၍ ကလေးသူငယ်များ၏ ဦးနှောက်နှင့်ခန္ဓာကိုယ် ကောင်းစွာဖွံ့ဖြိုးတိုးတက်စေရန် အမူအကျင့်ပြောင်းလဲ ရေး အသိပညာပေးဟောပြောခြင်းကို ပရိုဂျက်တာဖြင့် ရှင်းလင်းဟောပြောပေးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
