‎ကလော နိုဝင်ဘာ ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောမြို့အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းတေဇခန်းမ၌ နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၉ နာရီက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တော ဦးစီးဌာန၊မီးသတ်ဦးစီးဌာနနှင့်ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီထွေးက အဖွင့်အမှာ စကားပြောကြားပြီးမြို့နယ်သစ်တောဦးစီးဌာန၊ဦးစီးအရာရှိ ဦးကျော်စိုးလွင် က သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျော့ချရေးနှင့်ပတ်သက်၍ဟောပြောခဲ့သည်။ထို့နောက်မြို့နယ်မီးသတ်ဦးစီးဌာန၊ဒုတိယဦးစီးမှူး ဦးဝေဇင် က မီးဘေးအန္တရာယ်ကြိုတင်ကားကွယ်ရေးနှင့်မီးခိုးမြူငွေ့ ညစ်ညမ်းမှု ဖြစ်ပေါ်သည့်အကြောင်းအရင်းများအကြောင်းတို့ကိုအသိပညာပေးဟောပြောခဲ့ကြပြီးသစ်တောဦးစီးဌာန၊ဦးစီးအရာရှိက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ကျောင်းစာကြည့်တိုက်အတွက် သစ်တောကြေးမုံ မဂ္ဂဇင်းစာအုပ်များလှူဒါန်းပေးခဲ့ကြောင်းသိရှိရသည်။
ထို့နောက် ကလောမြို့၊မြို့နယ်ခန်းမတွင် တစ်ခါသုံးပလတ်စတစ်အပါအဝင်ပလတ်စတစ်၊ စွန့်ပစ်ပစ္စည်းများ စည်းကမ်းမဲ့စွန့်ပစ်ခြင်းမရှိစေရေးနှင့်တစ်ခါသုံးပလတ်စတစ်ပစ္စည်းများလျော့ချသုံးစွဲရေးအသိပညာပေးဟောပြောပွဲကို ည‌နေ ၂ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ရာမြို့ပေါ်ရပ်ကွက်၊‌ ကျေးရွာနေဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာရှမ်းပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊လက်‌ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလွင် က တစ်ခါသုံးပလတ်စတစ်အပါအဝင် ပလပ်စတစ်နှင့်စွန့်ပစ်ပစ္စည်းများ စနစ်တကျခွဲခြားစွန့်ပစ်ခြင်း၊ တစ်ခါသုံးပလတ်စတစ်ပစ္စည်းများလျော့ချသုံးစွဲခြင်းဖြင့်ပတ်ဝန်းကျင်ညစ်ညမ်းမှုအဆုံးသတ်ရေး စုပေါင်းအားဖြင့်ဆောင်ရွက်ပေး ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။ထို့‌နောက်ပလပ်စတစ် စွန့်ပစ်ပစ္စည်းအန္တရာယ်ဆိုင်ရာVideo Clip ပြသခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး