‎ကလော နိုဝင်ဘာ ၂၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောမြို့နယ်သမဝါယမလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုဝင်ဘာလ၂၃ရက် နံနက် ၁၀ နာရီက တာဝန်ရှိသူများကကွင်းဆင်းဆောင် ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ရှမ်း ပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့် နှင့် တာဝန်ရှိသူများသည် က‌လောမြို့နယ်ရှိ မြို့နယ်သမဝါယမဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုမှ အမှုဆောင်များနှင့် တွေ့ဆုံ၍ သမဝါယမ အသင်းဥပဒေ ၊ နည်းဥပဒေ ၊ လုပ်ထုံးလုပ်နည်း ၊ အမိန့် ညွှန်ကြားချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရေး ၊ သမဝါယမကဏ္ဍမှ ဆောင်ရွက်လျက်ရှိသည့် ကုန်ထုတ်လုပ်မှု၊ကုန်သွယ်မှု၊ ဝန်ဆောင်မှု လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်သွားကြရန်နှင့် စီမံကိန်းသီးနှံ (သက်တံ့ရောင်စီမံကိန်း)သီးနှံများကိုလျာထားချက်အတိုင်း စိုက်ပျိုးဆောင်ရွက်ကြရန်၊ စီမံကိန်းသီးနှံ စိုက်ပျိုးထုတ်လုပ်မှု၊ ရောင်းဝယ်မှု၊ ကြိတ်ခွဲဖြန့်ဖြူးမှုလုပ်ငန်းစဉ်များ အောင်မြင်အောင် အကောင်အထည် ဖော် ဆောင်ရွက်သွားကြရန်လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက်က‌လောမြို့နယ်ရှိ “ရွှေကလော” အထွေထွေရောင်းဝယ်ရေးသမ၀ါယမအသင်းမှ ဖွင့်လှစ်ထားသည့် ဆန်‌ရောင်းဝယ်‌ရေးလုပ်ငန်း အခြေအနေအား ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ပြီး မြို့နယ်အတွင်းရှိ သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်အောင်မြင်စေရေး အတွက် လိုအပ်သည့် ငွေကြေးအရင်းအနှီး ရရှိစေရေး သက်ဆိုင်ရာမြို့နယ်သမဝါယမအသင်းစုတို့နှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး