‎ပင်းတယ နိုဝင်ဘာ ၂၄
‎ရှမ်းပြည်နယ်(တောင်ပိုင်း)၊ဓနုကိုယ်ပိုင်အုပ်ချုပ်‎ခွင့်ရဒေသ၊ပင်းတယမြို့၊အခြေခံပညာအထက်‎တန်းကျောင်း(ကြိုသက်)ပညာ့ရောင်ခြည်ခန်းမတွင် နိုဝင်ဘာလ(၂၄)ရက်နံနက် ၉ နာရီခွဲအချိန်က စာကြည့်‎တိုက်များရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပြိုင်ပွဲဝင် ဆုရကျောင်းသား/ကျောင်းသူများဆုချီးမြှင့်ခြင်းအ
‎ခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
‎ ဦးစွာ အခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌဦးအာကာလင်းက အ‎ဖွင့်အမှာစကားပြောကြားပေးပြီး၊အ.ထ.က(ကြိုသက်)ကျောင်းသား/ကျောင်းသူလေးများက တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေပေးကြကာ‎ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဌ‎နှင့်တာဝန်ရှိသူများက စာကြည့်တိုက်များရှင်
‎သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်‎ပေးကြသည့် စာပေပညာရှင်များ၊အဆိုပါပွဲ‎တော်တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ဆုရကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုငွေနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့်‎ပေးခဲ့ကြောင်းနှင့်အခမ်းအနားတွင် အ.ထ.က (ကြိုသက်)ကျောင်းသား/ကျောင်းသူများက‎” ပညာဘဏ်တိုက် စာကြည့်တိုက် “တေးသီချင်း‎ဖြင့်သီးဆိုဖျော်ဖြေဆင်ဆက် ကပြပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး