တောင်ကြီး နိုဝင်ဘာလ ရက်
ခရိုင်အုပ်ချုပ်ရေးမှူးဦးတင့်လှိုင်(ပ/၃၅၆၄)သည် ခရိုင်/ မြို့နယ် စုပေါင်းရုံး၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်စေရေး ဒုတိယအကြိမ်မဲစာရင်း ကပ်ထားကြေညာခြင်းနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာလ(၂၃)ရက်၊ နံနက်(၉)နာရီတွင် ပြုလုပ်ခဲ့ရာ အဆိုပါ အစည်းအဝေးသို့ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့်ရုံးအဖွဲ့များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် စုစုပေါင်းအင်အား(၃၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူးမှ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းတွင် မဲစာရင်းပါရှိသော်လည်း ဒုတိယအကြိမ်မဲစာရင်း ကပ်ထားကြေညာရာတွင် မဲဆန္ဒရှင်စာရင်း မပါရှိခြင်းနှင့် ပထမအကြိမ်မဲစာရင်းကပ်ထားရာတွင် မဲစာရင်းမပါရှိ၍ သတ်မှတ်ပုံစံများအလိုက် လျှောက်ထားသော်လည်း ပါဝင်ခြင်းမရှိသေးသဖြင့် မည်သို့ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် ဌာနဆိုင်ရာဝန်ထမ်းများမှ ဌာန(၁)ခုလျှင် ဝန်ထမ်း(၂)ဦးနှုန်းဖြင့် ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရေးတို့ ဆွေးနွေးပြောကြားခြင်း၊ ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးမှ မဲဆန္ဒရှင်စာရင်း ပြုစုဆောင်ရွက်မှုအခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ ခြင်းတို့ ပြုလုပ်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး