တောင်ကြီး နိုဝင်ဘာလ ၂၂ ရက်
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် တောင်ကြီးမြို့နယ်၊ ကွန်လုံကျေးရွာအုပ်စုရှိ ကျောက်နီ မွေးမြူရေးဇုန်အတွင်း ရှမ်းပြည်နယ်လူငယ်အားမာန်ကုမ္ပဏီလီမိတက်မှ ‌တင်ဒါ‌အောင်မြင်၍ နိုဝင်ဘာလ၂၂ ရက် နေ့လည်(၁၁) နာရီခွဲတွင် တာဝန်ယူဆောင်ရွက်လျက်ရှိသော (၂၅×၅×၅)ပေ Box Culvert (၂)စင်းတည်ဆောက်ခြင်းလုပ်ငန်း၊ (၅၀×၄၅)ပေ နွားခြံတည်ဆောက်ခြင်းလုပ်ငန်းနှင့် (၁၇၅၀)ပေ သံဆူးကြိုးကာရံခြင်းလုပ်ငန်းတို့အား မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း၊ အဖွဲ့ဝင်များဖြစ်သော မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူးတို့ပါဝင်သောအဖွဲ့မှ သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများဖြင့် ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး