
တန့်ယန်း နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်တို့မှ ဌာန ဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက် ပြည်သူများ စုပေါင်းကာ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၈ နာရီက အမှတ်(၁၀) အခြေခံပညာမူလတန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်သည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦး၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး မြင့်အောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်း၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်စိုးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများက လှည့်လည်ကြည့်ရှု အားပေးသည်။
စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုတွင် ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်ပြည်သူများ စုစုပေါင်းအင်အား (၁၈၀) ဦးခန့်က ခြုံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်ရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး